Skip to main content

ကန့်ကူကျောက်အကြောင်း အချက်အလက်များ -

ကန့်ကူကျောက်နှင့် မျိုးဥအိမ်ကင်ဆာ အကြားတွင် သက်သေပြနိုင်သော ဆက်စပ်မှု မရှိပါ။ စွပ်စွဲသူများ ကိုးကားသော လေ့လာမှုများကို ပြန်လည်သုံးသပ် စစ်ဆေးခဲ့ကြသော သိပ္ပံနည်းကျနှင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများအနက် အများစုက ကန့်ကူကျောက်သည် မျိုးဥအိမ်ကင်ဆာကို ဖြစ်စေသည်ဟူသော အဆိုအတွက် သိပ္ပံနည်းကျ အထောက်အထား ခိုင်ခိုင်လုံလုံ မရှိကြောင်း ကောက်ချက်ချခဲ့ကြပါသည်။

ကန့်ကူကျောက်အကြောင်း အချက်အလက်များ -

ကန့်ကူကျောက်ကို အလှကုန်နှင့် တကိုယ်ရေ စောင့်ရှောက်မှု ပစ္စည်းများတွင် အသုံးပြုရန်အတွက် အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ အာရှနှင့် ကနေဒါတို့ အပါအဝင် ကမ္ဘာတဝှမ်းမှ အာဏာပိုင်များက လက်ခံထားပါသည်။ ထို့အပြင် ကန့်ကူကျောက်သည် မျိုးဥအိမ်ကင်ဆာကို ဖြစ်စေသည်ဟု မည်သည့်အစိုးရ ကျန်းမာရေး အဖွဲ့အစည်းကမျှ ထုတ်ပြန်ထားခြင်း မရှိပါ။

ကန့်ကူကျောက်မှုန့်ကို အသုံးပြုရာတွင် ဘေးကင်းကြောင်း အတည်ပြုထားသော လေ့လာမှုများစွာ ရှိပါသည်။ ယင်းတို့အနက် ကျယ်ပြန့်စွာ လက်ခံထားပြီး အလားအလာရှိသော လူများစု လေ့လာမှုနှစ်ခုမှာ အမျိုးသမီးပေါင်း ၁၃၀,၀၀၀ ကျော် ပါဝင်ပြီး ၁၄ နှစ်ကျော်ကြာ ပြုလုပ်ခဲ့သော ဟားဗက် ပြည်သူ့ကျန်းမာရေးကျောင်း (Harvard School of Public Health) မှ ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် သူနာပြုများ၏ ကျန်းမာရေးလေ့လာမှု (Nurses’ Health Study) နှင့် ယူအက်စ် အမျိုးသား ကျန်းမာရေး အဖွဲ့အစည်း (U.S. National Institutes of Health) မှ ၂၀၁၄ တွင် ထုတ်ပြန်ခဲ့သည့် အမျိုးသမီး ကျန်းမာရေး ကနဦးစောင့်ကြည့်မှုဆိုင်ရာအဖွဲ့ (Women’s Health Initiative Observational Cohort) တို့ ဖြစ်ကြပါသည်။ ယင်းတို့နှစ်ခုစလုံးတွင် ကန့်ကူကျောက်အား အသုံးပြုမှုကြောင့် အမျိုးသမီးများ၏ တကိုယ်ရေ သန့်ရှင်းရေးနှင့် မျိုးဥအိမ်ကင်ဆာ ဖြစ်ပွားမှုတို့အကြား ဆက်စပ်မှုကို မတွေ့ရှိခဲ့ရပါ။

Johnson ၏ ကလေးပေါင်ဒါ ထုတ်ကုန်ပစ္စည်းများတွင် အသုံးပြုသော ကန့်ကူကျောက်ကို ကျောက်ဂွမ်း ကင်းစင်စေရန်အတွက် ဂရုတစိုက် ရွေးချယ်ကာ စီမံအသုံးပြုထားပြီး အမြင့်မားဆုံး အရည်အသွေး၊ သန့်စင်မှုနှင့် လေးစားလိုက်နာမှု စံနှုန်းများကို ပြည့်မီပါသည်။ ၁၉၇၀ ကတည်းက ပုံမှန်စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြင့် ယင်းအား ကုမ္ပဏီမှ အတည်ပြုထားပါသည်။ ယူအက်စ် အက်ဖ်ဒီအေ (U.S. FDA) မှလည်း ကျွန်ုပ်တို့၏ အလှကုန်ပစ္စည်းများတွင် အသုံးပြုသော ကန့်ကူကျောက်၏ သန့်စင်မှုကို သီးခြားစစ်ဆေးပြီး အတည်ပြုထားပါသည်။

ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများ -

ဆယ်စုနှစ်များစွာအတွင်း သိပ္ပံပညာအရ ကန့်ကူကျောက်၏ ဘေးကင်းမှုကို ထပ်မံအတည်ပြုထားသောကြောင့် ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများတွင် ကန့်ကူကျောက်ကို ဆက်လက်အသုံးပြုပါသည်။ ယင်း၏ ဘေးကင်းမှုနှင့် အကျိုးရှိမှုကြောင့် ကျွန်ုပ်တို့သည် ထုတ်ကုန်ပစ္စည်းများတွင် ဆေးဝါးပစ္စည်းအဆင့် ကန့်ကူကျောက်ကို ယုံကြည်စိတ်ချစွာ ထည့်သွင်းထားပါသည်။ ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများအပေါ် သင်ယုံကြည်မှုနှင့် ယင်းတို့အားနေ့စဉ် စိတ်ချစွာသုံးစွဲမှုသည် အလွန်ကြီးမားသော တာဝန်ခံဖွယ်ရာတစ်ခု ဖြစ်ပါသည်။ သို့ဖြစ်၍ ကျွန်ုပ်တို့သည် နောက်ဆုံးပေါ် သိပ္ပံပညာအရ ဘေးကင်းသည်ဟု ယုံကြည်သော ပါဝင်ပစ္စည်းများကိုသာ ထုတ်ကုန်များတွင် အသုံးပြုပါသည်။

ဆယ်စုနှစ်များစွာ ဘေးကင်းမှု

သိပ္ပံပညာ၊ သုတေသန၊ ကုသမှုဆိုင်ရာ အထောက်အထားနှင့် ကမ္ဘာတဝှမ်းမှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ နှစ်ပေါင်း ၃၀ ကျော်ကြာ လေ့လာမှုများသည် အလှကုန်သုံး ကန့်ကူကျောက်၏ ဘေးကင်းမှုကို ဆက်လက်ထောက်ခံနေဆဲ ဖြစ်ပါသည်။ ယူအက်စ်နှင့် ကမ္ဘာတဝှမ်းမှ ကျန်းမာရေး အာဏာပိုင်များသည် အချက်အလက်များကို ပြန်လည်သုံးသပ်ခဲ့ကြပါသည်။ အမေရိကန် ပြည်ထောင်စု၊ ဥရောပသမဂ္ဂ၊ ကနေဒါ၊ အာဂျင်တီးနား၊ ဘရာဇီးလ်၊ တရုတ်၊ အိန္ဒိယ၊ အစ္စရေး၊ တောင်အာဖရိက၊ တူရကီနှင့် အင်ဒိုနီးရှားတို့ အပါအဝင် ကမ္ဘာတဝှမ်းရှိ နိုင်ငံများတွင် ကန့်ကူကျောက်ကို အသုံးပြုခြင်းအား လက်ခံထားပါသည်။

JOHNSON'S® ကလေးပေါင်ဒါ

သင့်အနေဖြင့် ကလေးတစ်ယောက်ကို ပြုစုစောင့်ရှောက်ဖူးပါက သင့်အိမ်တွင် JOHNSON'S® ကလေးပေါင်ဒါ ရှိခဲ့နိုင်ပါသည်။ အလှကုန်သုံး ကန့်ကူကျောက်ဖြင့် ပြုလုပ်ထားသော ကလေးပေါင်ဒါသည် JOHNSON'S® အမှတ်တံဆိပ်၏ သက်တမ်းအရင့်ဆုံး ထုတ်ကုန်များအနက် တစ်ခုဖြစ်ပြီး ကလေးပြုစုစောင့်ရှောက်မှု အလေ့အထတွင် အချိန်ကြာမြင့်စွာ နေရာယူထားပါသည်။ ယင်းသည် ဓာတ်မတည့်ခြင်း ဖြစ်ပွားမှုကို နည်းစေပြီး ပွတ်တိုက်မှုမရှိအောင် ကူညီပေးကာ သင့်ကလေး၏ အရေပြားအတွက် နူးညံ့သိမ်မွေ့မှုရှိကြောင်း ဆေးဘက်ဆိုင်ရာအရ သက်သေပြနိုင်ပါသည်။ သန့်စင်ပြီး ရိုးရိုးယဉ်ယဉ်ဖြစ်သော အနံ့အသက်သည် စိတ်လက်ပေါ့ပါးမှုကို ဖြစ်စေပြီး မိဘများအတွက်ရော ကလေးများအတွက်ပါ အကျွမ်းတဝင် ရှိစေပါသည်။
 

အမေးအဖြေများ

ကန့်ကူကျောက်မှုန့်ဆိုတာ ဘာလဲ။ ဘယ်ပစ္စည်းတွေမှာ ကန့်ကူကျောက် ပါဝင်သလဲ။

ကန့်ကူကျောက်ဆိုသည်မှာ သဘာဝတွင်းထွက် တစ်မျိုးဖြစ်ပြီး ကိုယ်လိမ်းပေါင်ဒါတွင် ပါဝင်ပစ္စည်းတစ်ခုအဖြစ် အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သော အရာတစ်ခုဖြစ်ပါသည်။ Johnson & Johnson ၏ ကလေးပေါင်ဒါတွင် အသုံးပြုသော ကန့်ကူကျောက်ကို ဂရုတစိုက်နှင့် တင်းကျပ်စွာ ရွေးချယ်ထားပြီး အရည်အသွေးပြည့်မီကာ အမြင့်မားဆုံး အရည်အသွေးကို ရရှိစေရန်အတွက် စံနှုန်းများနှင့် ကိုက်ညီသော သန့်စင်မှု ရှိပါသည်။ ထို့အပြင် အောက်ခံဖောင်ဒေးရှင်း၊ အိုင်းရှဲဒိုးနှင့် ပါးနီမှုန့်တို့ အပါအဝင် အခြားကုန်ပစ္စည်းများတွင်လည်း ကန့်ကူကျောက်ကို တွေ့နိုင်ပါသည်။ ကန့်ကူကျောက်သည် အသုံးပြုရန် ဘေးကင်းပါသည်။ ကန့်ကူကျောက်၏ ချောမွေ့သော အထိအတွေ့ကြောင့် ယင်းကိုအလှကုန်များ အပါအဝင် ကုန်ပစ္စည်းများတွင် ပါဝင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုရန် သင့်လျော်ပါသည်။

Johnson & Johnson သည် ကန့်ကူကျောက်၏ ဘေးကင်းမှုကို အာမခံနိုင်ပါလျက် အဘယ်ကြောင့် Johnson & Johnson သည် တောင်းဆိုသော အမျိုးသမီးများကို လျော်ကြေးများစွာ ပေးခဲ့ရပါသလဲ။

အဆိုပါ တရားရေးကိစ္စများကို သာမန်လူတစ်ဦးမှ ရွေးချယ်သည့် အမေရိကန် ပြည်ထောင်စု၏ ဂျူရီလူကြီးများမှ ပြုလုပ်ခြင်း ဖြစ်ပါသည်။ ယင်းသည် အစိုးရ၏ အမိန့်အရ မဟုတ်သလို ထုတ်လုပ်ရာတွင် ပါဝင်သော ပစ္စည်းများ၏ ဘေးကင်းမှုအတွက် မူဝါဒချမှတ်သူ၏ ထင်မြင်ချက်ကိုလည်း မထင်ဟပ်ပါ။ အလှကုန် ပစ္စည်းများတွင် ပါဝင်ပစ္စည်းတစ်ခုအဖြစ် ကန့်ကူကျောက်ကို အသုံးပြုခြင်း၏ ဘေးကင်းမှုကို ကမ္ဘာတဝှမ်းရှိ ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်းများ အပါအဝင် အမေရိကန် အစိုးရကရော လွတ်လပ်သော အဖွဲ့များကပါ လေ့လာ၊ သုတေသနလုပ်ကာ အတည်ပြုထားပါသည်။ ကန့်ကူကျောက်သည် ကင်ဆာကို ဖြစ်စေနိုင်ကြောင်း အစိုးရ အဖွဲ့အစည်း တခုခု သို့မဟုတ် ယူအက်စ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (U.S. Food and Drug Administration) ကပင် ကောက်ချက်ချထားခြင်း မရှိပါ။

Johnson & Johnson ထုတ်ကုန်ပစ္စည်းများသည် အသုံးပြုရန် ဘေးကင်းပါသလား။

Johnson & Johnson သည် ထုတ်ကုန်ပစ္စည်းများ အားလုံးတွင် ဘေးကင်းမှုကို အသိအမှတ်ပြုထားသော ပါဝင်ပစ္စည်းများကိုသာ တင်းတင်းကျပ်ကျပ် အသုံးပြုပါသည်။ စံနှုန်းမပြည့်မီသော သို့မဟုတ် အသိအမှတ်ပြုထားခြင်း မရှိသော မည်သည့်ပါဝင်ပစ္စည်းကိုမဆို ကျွန်ုပ်တို့ မည်သည့်အခါမျှ အသုံးပြုမည် မဟုတ်ပါ။ ကလေးပေါင်ဒါ အပါအဝင် Johnson & Johnson ၏ ထုတ်ကုန်ပစ္စည်းများတွင် ပါဝင်သော အရာများအားလုံးကို ဂရုတစိုက်နှင့် တင်းတင်းကျပ်ကျပ် ရွေးချယ်ထားသောကြောင့် အရည်အသွေး ပြည့်မီပြီး စံနှုန်းများနှင့် ကိုက်ညီသော သန့်စင်မှုရှိကြောင်းကိုလည်း ကျွန်ုပ်တို့ အသိပေးလိုပါသည်။ Johnson & Johnson ၏ ထုတ်ကုန်ပစ္စည်းများသည် အရည်အသွေး အမြင့်မားဆုံးဖြစ်ပြီး လူတိုင်းအတွက် အသုံးပြုရန် ဘေးကင်းကြောင်းကို သင့်အနေဖြင့် ယုံကြည်စိတ်ချထားနိုင်ပါသည်။

 

ကန္႔ကူေက်ာက္အေၾကာင္း အခ်က္အလက္မ်ား -

ကန္႔ကူေက်ာက္ႏွင့္ မ်ဳိးဥအိမ္ကင္ဆာ အၾကားတြင္ သက္ေသျပႏိုင္ေသာ ဆက္စပ္မႈ မရွိပါ။ စြပ္စြဲသူမ်ား ကိုးကားေသာ ေလ့လာမႈမ်ားကို ျပန္လည္သံုးသပ္ စစ္ေဆးခဲ့ၾကေသာ သိပၸံနည္းက်ႏွင့္ စည္းကမ္းထိန္းသိမ္းေရး အဖြဲ႕အစည္းမ်ားအနက္ အမ်ားစုက ကန္႔ကူေက်ာက္သည္ မ်ဳိးဥအိမ္ကင္ဆာကို ျဖစ္ေစသည္ဟူေသာ အဆိုအတြက္ သိပၸံနည္းက် အေထာက္အထား ခိုင္ခိုင္လံုလံု မရွိေၾကာင္း ေကာက္ခ်က္ခ်ခဲ့ၾကပါသည္။

ကန့်ကူကျောက်အကြောင်း အချက်အလက်များ -

ကန္႔ကူေက်ာက္ကို အလွကုန္ႏွင့္ တကုိယ္ေရ ေစာင့္ေရွာက္မႈ ပစၥည္းမ်ားတြင္ အသံုးျပဳရန္အတြက္ အေမရိကန္ ျပည္ေထာင္စု၊ ဥေရာပသမဂၢ၊ အာရွႏွင့္ ကေနဒါတို႔ အပါအဝင္ ကမာၻတဝွမ္းမွ အာဏာပိုင္မ်ားက လက္ခံထားပါသည္။ ထို႔အျပင္ ကန္႔ကူေက်ာက္သည္ မ်ဳိးဥအိမ္ကင္ဆာကို ျဖစ္ေစသည္ဟု မည္သည့္အစိုးရ က်န္းမာေရး အဖြဲ႕အစည္းကမွ် ထုတ္ျပန္ထားျခင္း မရွိပါ။

ကန္႔ကူေက်ာက္မႈန္႔ကို အသံုးျပဳရာတြင္ ေဘးကင္းေၾကာင္း အတည္ျပဳထားေသာ ေလ့လာမႈမ်ားစြာ ရွိပါသည္။ ယင္းတို႔အနက္ က်ယ္ျပန္႔စြာ လက္ခံထားၿပီး အလားအလာရွိေသာ လူမ်ားစု ေလ့လာမႈႏွစ္ခုမွာ အမ်ဳိးသမီးေပါင္း ၁၃၀,၀၀၀ ေက်ာ္ ပါဝင္ၿပီး ၁၄ ႏွစ္ေက်ာ္ၾကာ ျပဳလုပ္ခဲ့ေသာ ဟားဗက္ ျပည္သူ႔က်န္းမာေရးေက်ာင္း (Harvard School of Public Health) မွ ၂၀၀၉ ခုႏွစ္တြင္ ထုတ္ျပန္ခဲ့သည့္ သူနာျပဳမ်ား၏ က်န္းမာေရးေလ့လာမႈ (Nurses’ Health Study) ႏွင့္ ယူအက္စ္ အမ်ဳိးသား က်န္းမာေရး အဖြဲ႕အစည္း (U.S. National Institutes of Health) မွ ၂၀၁၄ တြင္ ထုတ္ျပန္ခဲ့သည့္ အမ်ဳိးသမီး က်န္းမာေရး ကနဦးေစာင့္ၾကည့္မႈဆိုင္ရာအဖြဲ႕ (Women’s Health Initiative Observational Cohort) တို႔ ျဖစ္ၾကပါသည္။ ယင္းတုိ႔ႏွစ္ခုစလံုးတြင္ ကန္႔ကူေက်ာက္အား အသံုးျပဳမႈေၾကာင့္ အမ်ဳိးသမီးမ်ား၏ တကိုယ္ေရ သန္႔ရွင္းေရးႏွင့္ မ်ဳိးဥအိမ္ကင္ဆာ ျဖစ္ပြားမႈတို႔အၾကား ဆက္စပ္မႈကို မေတြ႕ရွိခဲ့ရပါ။

Johnson ၏ ကေလးေပါင္ဒါ ထုတ္ကုန္ပစၥည္းမ်ားတြင္ အသံုးျပဳေသာ ကန္႔ကူေက်ာက္ကို ေက်ာက္ဂြမ္း ကင္းစင္ေစရန္အတြက္ ဂ႐ုတစိုက္ ေရြးခ်ယ္ကာ စီမံအသံုးျပဳထားၿပီး အျမင့္မားဆံုး အရည္အေသြး၊ သန္႔စင္မႈႏွင့္ ေလးစားလိုက္နာမႈ စံႏႈန္းမ်ားကို ျပည့္မီပါသည္။ ၁၉၇၀ ကတည္းက ပံုမွန္စစ္ေဆးမႈမ်ားကို ျပဳလုပ္ျခင္းျဖင့္ ယင္းအား ကုမၸဏီမွ အတည္ျပဳထားပါသည္။ ယူအက္စ္ အက္ဖ္ဒီေအ (U.S. FDA) မွလည္း ကၽြႏ္ုပ္တုိ႔၏ အလွကုန္ပစၥည္းမ်ားတြင္ အသံုးျပဳေသာ ကန္႔ကူေက်ာက္၏ သန္႔စင္မႈကို သီးျခားစစ္ေဆးၿပီး အတည္ျပဳထားပါသည္။

ကၽြႏ္ုပ္တို႔၏ ထုတ္ကုန္ပစၥည္းမ်ား -

ဆယ္စုႏွစ္မ်ားစြာအတြင္း သိပၸံပညာအရ ကန္႔ကူေက်ာက္၏ ေဘးကင္းမႈကို ထပ္မံအတည္ျပဳထားေသာေၾကာင့္ ကၽြႏ္ုပ္တုိ႔၏ ထုတ္ကုန္ပစၥည္းမ်ားတြင္ ကန္႔ကူေက်ာက္ကို ဆက္လက္အသံုးျပဳပါသည္။ ယင္း၏ ေဘးကင္းမႈႏွင့္ အက်ဳိးရွိမႈေၾကာင့္ ကၽြႏ္ုပ္တုိ႔သည္ ထုတ္ကုန္ပစၥည္းမ်ားတြင္ ေဆးဝါးပစၥည္းအဆင့္ ကန္႔ကူေက်ာက္ကို ယံုၾကည္စိတ္ခ်စြာ ထည့္သြင္းထားပါသည္။ ကၽြႏ္ုပ္တုိ႔၏ ထုတ္ကုန္ပစၥည္းမ်ားအေပၚ သင္ယံုၾကည္မႈႏွင့္ ယင္းတို႔အားေန႔စဥ္ စိတ္ခ်စြာသံုးစြဲမႈသည္ အလြန္ႀကီးမားေသာ တာဝန္ခံဖြယ္ရာတစ္ခု ျဖစ္ပါသည္။ သို႔ျဖစ္၍ ကၽြႏ္ုပ္တုိ႔သည္ ေနာက္ဆံုးေပၚ သိပၸံပညာအရ ေဘးကင္းသည္ဟု ယံုၾကည္ေသာ ပါဝင္ပစၥည္းမ်ားကိုသာ ထုတ္ကုန္မ်ားတြင္ အသံုးျပဳပါသည္။

ဆယ္စုႏွစ္မ်ားစြာ ေဘးကင္းမႈ

သိပၸံပညာ၊ သုေတသန၊ ကုသမႈဆိုင္ရာ အေထာက္အထားႏွင့္ ကမာၻတဝွမ္းမွ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္သူမ်ား၏ ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာ ေလ့လာမႈမ်ားသည္ အလွကုန္သံုး ကန္႔ကူေက်ာက္၏ ေဘးကင္းမႈကို ဆက္လက္ေထာက္ခံေနဆဲ ျဖစ္ပါသည္။ ယူအက္စ္ႏွင့္ ကမာၻတဝွမ္းမွ က်န္းမာေရး အာဏာပိုင္မ်ားသည္ အခ်က္အလက္မ်ားကို ျပန္လည္သံုးသပ္ခဲ့ၾကပါသည္။ အေမရိကန္ ျပည္ေထာင္စု၊ ဥေရာပသမဂၢ၊ ကေနဒါ၊ အာဂ်င္တီးနား၊ ဘရာဇီးလ္၊ တ႐ုတ္၊ အိႏၵိယ၊ အစၥေရး၊ ေတာင္အာဖရိက၊ တူရကီႏွင့္ အင္ဒိုနီးရွားတုိ႔ အပါအဝင္ ကမာၻတဝွမ္းရွိ ႏိုင္ငံမ်ားတြင္ ကန္႔ကူေက်ာက္ကို အသံုးျပဳျခင္းအား လက္ခံထားပါသည္။

JOHNSON'S® ကေလးေပါင္ဒါ

သင့္အေနျဖင့္ ကေလးတစ္ေယာက္ကို ျပဳစုေစာင့္ေရွာက္ဖူးပါက သင့္အိမ္တြင္ JOHNSON'S® ကေလးေပါင္ဒါ ရွိခဲ့ႏိုင္ပါသည္။ အလွကုန္သံုး ကန္႔ကူေက်ာက္ျဖင့္ ျပဳလုပ္ထားေသာ ကေလးေပါင္ဒါသည္ JOHNSON'S® အမွတ္တံဆိပ္၏ သက္တမ္းအရင့္ဆံုး ထုတ္ကုန္မ်ားအနက္ တစ္ခုျဖစ္ၿပီး ကေလးျပဳစုေစာင့္ေရွာက္မႈ အေလ့အထတြင္ အခ်ိန္ၾကာျမင့္စြာ ေနရာယူထားပါသည္။ ယင္းသည္ ဓာတ္မတည့္ျခင္း ျဖစ္ပြားမႈကို နည္းေစၿပီး ပြတ္တိုက္မႈမရွိေအာင္ ကူညီေပးကာ သင့္ကေလး၏ အေရျပားအတြက္ ႏူးညံ့သိမ္ေမြ႕မႈရွိေၾကာင္း ေဆးဘက္ဆိုင္ရာအရ သက္ေသျပႏိုင္ပါသည္။ သန္႔စင္ၿပီး ႐ိုး႐ိုးယဥ္ယဥ္ျဖစ္ေသာ အနံ႔အသက္သည္ စိတ္လက္ေပါ့ပါးမႈကို ျဖစ္ေစၿပီး မိဘမ်ားအတြက္ေရာ ကေလးမ်ားအတြက္ပါ အကၽြမ္းတဝင္ ရွိေစပါသည္။

အေမးအေျဖမ်ား

ကန္႔ကူေက်ာက္မႈန္႔ဆိုတာ ဘာလဲ။ ဘယ္ပစၥည္းေတြမွာ ကန္႔ကူေက်ာက္ ပါဝင္သလဲ။

ကန္႔ကူေက်ာက္ဆိုသည္မွာ သဘာဝတြင္းထြက္ တစ္မ်ဳိးျဖစ္ၿပီး ကိုယ္လိမ္းေပါင္ဒါတြင္ ပါဝင္ပစၥည္းတစ္ခုအျဖစ္ အခ်ိန္ၾကာျမင့္စြာ အသံုးျပဳခဲ့ေသာ အရာတစ္ခုျဖစ္ပါသည္။ Johnson & Johnson ၏ ကေလးေပါင္ဒါတြင္ အသံုးျပဳေသာ ကန္႔ကူေက်ာက္ကို ဂ႐ုတစိုက္ႏွင့္ တင္းက်ပ္စြာ ေရြးခ်ယ္ထားၿပီး အရည္အေသြးျပည့္မီကာ အျမင့္မားဆံုး အရည္အေသြးကို ရရွိေစရန္အတြက္ စံႏႈန္းမ်ားႏွင့္ ကိုက္ညီေသာ သန္႔စင္မႈ ရွိပါသည္။ ထို႔အျပင္ ေအာက္ခံေဖာင္ေဒးရွင္း၊ အိုင္းရွဲဒိုးႏွင့္ ပါးနီမႈန္႔တို႔ အပါအဝင္ အျခားကုန္ပစၥည္းမ်ားတြင္လည္း ကန္႔ကူေက်ာက္ကို ေတြ႕ႏိုင္ပါသည္။ ကန္႔ကူေက်ာက္သည္ အသံုးျပဳရန္ ေဘးကင္းပါသည္။ ကန္႔ကူေက်ာက္၏ ေခ်ာေမြ႕ေသာ အထိအေတြ႕ေၾကာင့္ ယင္းကိုအလွကုန္မ်ား အပါအဝင္ ကုန္ပစၥည္းမ်ားတြင္ ပါဝင္ပစၥည္းတစ္ခုအျဖစ္ အသံုးျပဳရန္ သင့္ေလ်ာ္ပါသည္။

Johnson & Johnson သည္ ကန္႔ကူေက်ာက္၏ ေဘးကင္းမႈကို အာမခံႏိုင္ပါလ်က္ အဘယ္ေၾကာင့္ Johnson & Johnson သည္ ေတာင္းဆိုေသာ အမ်ဳိးသမီးမ်ားကို ေလ်ာ္ေၾကးမ်ားစြာ ေပးခဲ့ရပါသလဲ။

Sအဆိုပါ တရားေရးကိစၥမ်ားကို သာမန္လူတစ္ဦးမွ ေရြးခ်ယ္သည့္ အေမရိကန္ ျပည္ေထာင္စု၏ ဂ်ဴရီလူႀကီးမ်ားမွ ျပဳလုပ္ျခင္း ျဖစ္ပါသည္။ ယင္းသည္ အစိုးရ၏ အမိန္႔အရ မဟုတ္သလို ထုတ္လုပ္ရာတြင္ ပါဝင္ေသာ ပစၥည္းမ်ား၏ ေဘးကင္းမႈအတြက္ မူဝါဒခ်မွတ္သူ၏ ထင္ျမင္ခ်က္ကိုလည္း မထင္ဟပ္ပါ။ အလွကုန္ ပစၥည္းမ်ားတြင္ ပါဝင္ပစၥည္းတစ္ခုအျဖစ္ ကန္႔ကူေက်ာက္ကို အသံုးျပဳျခင္း၏ ေဘးကင္းမႈကို ကမာၻတဝွမ္းရွိ ျပည္သူ႔က်န္းမာေရး အဖြဲ႕အစည္းမ်ား အပါအဝင္ အေမရိကန္ အစိုးရကေရာ လြတ္လပ္ေသာ အဖြဲ႕မ်ားကပါ ေလ့လာ၊ သုေတသနလုပ္ကာ အတည္ျပဳထားပါသည္။ ကန္႔ကူေက်ာက္သည္ ကင္ဆာကို ျဖစ္ေစႏိုင္ေၾကာင္း အစိုးရ အဖြဲ႕အစည္း တခုခု သို႔မဟုတ္ ယူအက္စ္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဌာန (U.S. Food and Drug Administration) ကပင္ ေကာက္ခ်က္ခ်ထားျခင္း မရွိပါ။

Johnson & Johnson ထုတ္ကုန္ပစၥည္းမ်ားသည္ အသံုးျပဳရန္ ေဘးကင္းပါသလား။

Johnson & Johnson သည္ ထုတ္ကုန္ပစၥည္းမ်ား အားလံုးတြင္ ေဘးကင္းမႈကို အသိအမွတ္ျပဳထားေသာ ပါဝင္ပစၥည္းမ်ားကိုသာ တင္းတင္းက်ပ္က်ပ္ အသံုးျပဳပါသည္။ စံႏႈန္းမျပည့္မီေသာ သို႔မဟုတ္ အသိအမွတ္ျပဳထားျခင္း မရွိေသာ မည္သည့္ပါဝင္ပစၥည္းကိုမဆို ကၽြႏ္ုပ္တုိ႔ မည္သည့္အခါမွ် အသံုးျပဳမည္ မဟုတ္ပါ။ ကေလးေပါင္ဒါ အပါအဝင္ Johnson & Johnson ၏ ထုတ္ကုန္ပစၥည္းမ်ားတြင္ ပါဝင္ေသာ အရာမ်ားအားလံုးကို ဂ႐ုတစိုက္ႏွင့္ တင္းတင္းက်ပ္က်ပ္ ေရြးခ်ယ္ထားေသာေၾကာင့္ အရည္အေသြး ျပည့္မီၿပီး စံႏႈန္းမ်ားႏွင့္ ကိုက္ညီေသာ သန္႔စင္မႈရွိေၾကာင္းကိုလည္း ကၽြႏ္ုပ္တုိ႔ အသိေပးလိုပါသည္။ Johnson & Johnson ၏ ထုတ္ကုန္ပစၥည္းမ်ားသည္ အရည္အေသြး အျမင့္မားဆံုးျဖစ္ၿပီး လူတိုင္းအတြက္ အသံုးျပဳရန္ ေဘးကင္းေၾကာင္းကို သင့္အေနျဖင့္ ယံုၾကည္စိတ္ခ်ထားႏိုင္ပါသည္။